သင့်ဖွားဖက်တော်အရွယ်အစားကြီးထွားလာစေမည့်နည်းလမ်း (၅) ခု
သင့်ဖွားဖက်တော်အရွယ်အစားကြီးထွားလာစေမည့်
နည်လမ်း (၅) ခု
ယောင်္ကျားတစ်ယောက်အနေနဲ့ ဖွားဖက်တော်ရဲ့
အရွယ်အစားကို ရှိရင်းစွဲထက် ကြီးထွားစေချင်တာ သဘာဝပါပဲ။ ယောင်္ကျားပီသမှုနဲ့ပတ်သက်ပြီး စိတ်ပူ တတ်ကြတဲ့ အမျိုးသားအများစုဟာ ဖွားဖက်တော်က သာမန်အရွယ်အစားပဲရှိတတ်ကြပါတယ်။ ဒါ့ကြောင့် ဖွားဖက်တော်ကို ကြီးထွားလာအောင် လုပ်နိုင်မယ့် နည်လမ်း(၅)ခုကို ဖော်ပြပေးလိုက်ပါတယ်။
တစ်ခုသတိထားရမှာက တစ်ချို့သောနည်းလမ်းတွေကို ကျွမ်းကျင်ပညာရှင် ဆရာဝန်တွေနဲ့ ဆွေးနွေးတိုင်ပင်ပြီးမှ လုပ်ဆောင်သင့်တယ်ဆိုတာပါပဲ။
၁။ ဆီလီကွန် အစားထိုးခြင်း
ဖွားဖက်တော် အရွယ်အစားကြီးလာအောင်နဲ့ ပိုပြီးရှည်လာအောင် ဆီလီကွန်အစားထိုးခွဲစိတ်ကုသမှု
လုပ်ဆောင်နိုင်ပါတယ်။ လက်ရှိအရွယ်အစားထက် ၁.၅ လက်မ ပိုရှည်လာပြီး လုံးပတ် ၂.၅ လက်မအထိ ကြီးလာအောင် ခွဲစိတ်ပြုပြင်နိုင်ပါတယ်။ ပြဿနာက ဒီခွဲစိတ်မှုလုပ်ဖို့ ကုန်ကျစရိတ်ကြီးလွန်းတဲ့အပြင် ပိုးဝင်နိုင်ချေနဲ့ ဆီလီကွန်ပေါက်ပြဲနိုင်ချေတွေ ရှိနေတာပါပဲ။
၂။ ခွဲစိတ်ပြုပြင်ခြင်း
ယောင်္ကျားတစ်ယောက်ရဲ့ လိင်တံမှာရှိတဲ့ အရွတ်တွေကို ခွဲစိတ်ဖြတ်တောက်ခြင်းအားဖြင့်အရွယ်အစားနဲ့ အရှည်ကို ကြီးထွားလာစေနိုင်ပါတယ်။ ဒါပေမယ့်
အနာရွတ်တစ်ရှုးတွေ ကျန်နေတာ၊ လိင်တံထောင်မတ်ချိန်မှာ နာကျင်တာ၊ ပိုးဝင်တာ၊ အာရုံခံစားနိုင်စွမ်း နည်းသွားတာတွေ ဖြစ်နိုင်ချေရှိပါတယ်။ ဒါ့အပြင် ကုန်ကျစရိတ်လည်း များပါတယ်။
၃။ အဆီထိုးသွင်းခြင်း
ဒီနည်းလမ်းမှာတော့ ခန္ဓာကိုယ်အခြားနေရာက အဆီပိုတွေကို ယူပြီး ဖွားဖက်တော်မှာ ပြန်ထိုးသွင်းတာဖြစ်ပါတယ်။ အဆီထိုးသွင်းတဲ့နည်းလမ်းက လိင်တံရဲ့ အရှည်ကို တစ်လက်မခန် ရှည်လာစေနိုင်ပြီး လုံးပတ်ကိုလည်း တုတ်ခိုင်လာစေနိုင်ပါတယ်။ ဒါပေမယ့် ထိုးသွင်းထားတဲ့အဆီက အမြဲတည်ရှိနေမှာမဟုတ်တဲ့အတွက် အချိန်ကြာလာတာနဲ့ နဂိုအရွယ်အစားအတိုင်း ပြန်ဖြစ်သွားနိုင်ပါတယ်။ ဒါ့အပြင် အဆီက မလိုလားအပ်တဲ့နေရာတွေကို ရွေ့သွားပြီး အသက်ဆုံးရှုံးနိုင်တဲ့ အလားအလာအထိ ရှိနိုင်ပါတယ်။
၎။ Jelqing (လိင်တံကို ဆွဲဆန့်ခြင်း)
လိင်တံကို ဆွဲဆန့်ပြီး ပိုရှည်လာအောင် လုပ်တဲ့နည်းလမ်းကို ဘယ်အချိန်က စတင်ကျင့်သုံးခဲ့လဲ အတိအကျမသိရပါဘူး။ ဒါပေမယ့် ဒီနည်းလမ်းက လူပြောများပြီး လက်တွေ့လုပ်ကြည့်သူတွေလည်း များပါတယ်။ လုပ်ဆောင်ရမယ့် နည်းလမ်းကတော့ အရင်ဆုံးလိင်တံ နိုးကြွထောင်မတ်လာခါနီးအနေအထားကို စောင့်ပါ။ ပြီးရင် ချောဆီတစ်ခုခုကို သုတ်လိမ်းပြီး
လေ့ကျင့်ပြောင်းဖြင့် တစ်နေ့ကို ၁၀ မိနစ်ခန့်ပုံမှန်လေ့ကျင့်ပေးရမှာပဲဖြစ်ပါတယ်။တချို့ကတော့
ဒီနည်းလမ်းဟာ ခါးကျန်းမာရေးထိတယ်ပြောကြပါတယ်။
၅။ လိင်တံ ဆန့်ထုတ်ကိရိယာအသုံးပြုခြင်း
အများသားတွေအနေနဲ့ ဖွားဖက်တော်ရဲ့ အရှည်နဲ့
အရွယ်အစားကို တဖြည်းဖြည်းချင်း ကြီးထွားလာအောင် နေ့စဉ်ဝတ်ဆင်ထားနိုင်တဲ့ ကိရိယာတွေရှိပါတယ်။ ဒီကိရိယာတွေ ၀တ်ဆင်ဖူးသူတွေကတော့ သူတို့ရဲ့ ဖွားဖက်တော် အရွယ်အစားက သိသိသာသာ
ကြီးလာတယ်လို့ ဆိုကြပါတယ်။

No comments