Breaking News

အမျိုးသမီးများတစ်ကိုယ်​​ရေအာသာ​ဖြေခြင်


>>>အမျိုးသမီးများတစ်ကိုယ်​​ရေအာသာ​ဖြေခြင်း<<<

**လိင်ပညာပေးအနေနဲ့ရေးသားထားခြင်း
ဖြစ်ပါတယ်။စိတ်မဝင်စားသူများကျော်သွားပါ**

အာသာ​ဖြေခြင်းကို Wikipedia မှာ
"လိင်​စိတ်​​ကျေနပ်​​မှုရစေဖို့
မိမိကိုယ်​တိုင်​ သို့မဟုတ်​ တခြားသူရဲ့
လိင်​အင်္ဂါကို နှိုးဆွခြင်းအားဖြင့်
အထွဋ်အ​ထိပ်​​ရောက်​​စေခြင်း'' လို့
ဖော်ပြထားပါတယ်​။
အာသာ​ဖြေခြင်းဟာ
အမျိုးသား​တွေအတွက်တော့
ထူးဆန်းတဲ့​ကိစ္စမဟုတ်​​ပေမယ့်
အမျိုးသမီး​တွေမှာ​တော့
လက်​ခံဖို့ခက်​ခဲတတ်ကြပါတယ်​။
အပြစ်​တခုလုပ်​မိသလိုမျိုး သို့မဟုတ်
မ​ကောင်းတဲ့မိန်းမတွေရဲ့အပြုအမူလို့
ထင်​​နေတတ်ကြပါတယ်​။
ယခု​ခေတ်​မှာ​တော့ ကိစ္စအတော်များများကို
ပွင့်​ပွင့်​လင်းလင်းဖော်ထုတ်ပြောဆိုနေကြပါပြီ။
ဒါပေမယ့် မိန်းက​လေးအများစုက
ဒီကိစ္စနဲ့ပတ်​သက်​ပြီး ​ဆွေး​နွေးဖို့
ငြင်းဆန်နေကြဆဲဖြစ်ပါတယ်။
အဓိကပြသနာက​တော့ ​မိန်းကလေးဆိုရင် အိဒြေ္နကြီးရမယ်၊အရှက်အကြောက်ကြီးရမယ်ဆိုတဲ့ ယဉ်ကျေးမှုနဲ့လူမှုအသိုင်းအဝိုင်းသတ်မှတ်ချက်တွေ
ကြောင့်ဖြစ်ပါတယ်။
လိင်မှုဆိုင်ရာပညာပေးခြင်း
နည်းပါးမှုများကြောင့်လည်းပါပါတယ်။
အများစုက မိန်းက​လေးတွေ အာသာမ​ဖြေကြဘူးလို့ယူဆထားကြပေမယ့်
တကယ်​​တော့
မိန်းက​လေး​တွေလည်း အာသာ​ဖြေပါတယ်​။
#အများစုသိလိုသည့်မေးခွန်းများ
Q.အာသာ​ဖြေတာ နာကျင်​မှုရှိပါလား?
A.ညင်သာမယ်၊ဂရုစိုက်​မယ်​ဆို လုံးဝမနာပါဘူး။
Q.အပြစ်​ဖြစ်​လား?
A.လုံးဝမဖြစ်​ပါ။
Qကျန်းမာ​ရေးကိုထိခိုက်​နိုင်​လား။
A.မထိခိုက်ပါ။
ကျန်းမာရေးဆိုင်ရာကောင်းကျိုးတွေရရှိနိုင်ပါတယ်။
ကိုယ်​၀န်​လဲရမှာမဟုတ်​ပါဘူး။
#အာသာ​ဖြေခြင်း၏အကျိုးများ
1.စိတ်​ဖိစီးမှု ​လျော့​စေတယ်​။
2.နှစ်​ချိုက်​စွာအိပ်​​ပျော်စေတယ်​။
3.စိတ်​ရွှင်​လန်း​စေတယ်​။
4.ရာသီလာချိန်​နာကျင်​မှုကိုသက်​သာ​စေတယ်​။
5.​သွေးလည်​ပတ်​မှု​ကောင်းစေတယ်​။
6.မိမိကိုယ်​ကို ယုံကြည်​မှုရှိ​စေတယ်​။
7.မိမိအ​ဖော်​နဲ့ ပိုပြီး​ကျေနပ်​မှု​ရှိ​စေတယ်​။
8.ပို​ကျေနပ်​စရာ​ကောင်းတဲ့
လိင်​မှုဘ၀ကိုရ​စေပါတယ်​။
#အာသာ​ဖြေခြင်းနှင့်​ပတ်​သက်သော
သိထားသင်​သည့်​အရာများ
1.မိမိကိုယ်​တိုင်​ရဲ့
ကိုယ်​ပိုင်​ဆုံးဖြတ်​ချက်​သာဖြစ်ပါ​တယ်​။
2.အာသာ​မ​ဖြေခင်​နဲ့ ဖြေပြီးတဲ့အချိန်
လက်​ကို သန့်​ရှင်းစွာထားရပါမယ်​။
3.ထိခိုက်​နာကျင်​မှုမရှိ​အောင်​ဂရုပြုရမယ်​။
ယောနိထဲကိုတစ်စုံတစ်ခုမထည့်​ခင်
လုံ​လောက်​စွာ ​ချော​မွေ​နေဖို့ သတိပြုပါ။
သဘာဝအရထွက်သောအရည်ရှိနေပါစေ။
သို့်မဟုတ် ချောဆီ(gel)သုံးနိုင်ပါတယ်။
4.ဘယ်​နှ​ကြိမ်​လုပ်​မယ်​ဆိုတာ
မိမိကိုယ်​တိုင်​ဆုံးဖြတ်​ပါ။
အရမ်းများရင်​​တော့ မ​ကောင်းနိုင်​ပါဘူး။
5.မှန်​ကန်​တဲ့ အသိပညာများရှာ​ဖွေ​လေ့လာထားပါ။
မိန်းက​လေးအများစုက အာသာ​ဖြေရမှာကို
ရှက်ရွံ့စိုးရိမ်တတ်ကြပါတယ်။
အဓိကက လူအများစုကလက်​မခံဘူးလို့ ​တွေးမိလို့ပါ။
မိမိရဲ့ဆန္ဒကို
လွန်ကဲစွာဖိနှိပ်​မထားသင့်​ပါဘူး။
ဒါ​ကြောင့်​ စိုးရိမ်​မ​နေပါနဲ့။တွေးပူမ​နေပါနဲ့။
ကိုယ့်​ခန္ဓာကိုယ်​ကို ကိုယ်ပဲ​ပိုင်​ပါတယ်။

No comments